articleဆိုတာအရာဝတ္ထု၊ပစ္စည်း။ articles လို့sလေးထည့်တော့-ဆောင်းပါးများလို့အဓိပ္ပာယ်ရတယ်ပေါ့ ။ကျနော်ပြောချင်တာ အဲဒါမဟုတ်ပါဘူး။ တိကျမှု့ မကျမှု့ကိုဖော်ပြတဲ့နေရာမှာသုံးတဲ့ articlesတွေပါ။ Articlesတွေသုံးမျိုးရှိတာတော့ 99.99%လောက်သိပြီးသားဖြစ်နေတာပါ။ a, an ,theတွေပါ။ ဒါပေမဲ့အဲဒီ articlesတွေနေသားတကျသုံးနိုင်ဖို့ကျတော့တော်တော်လေးကိုအားနည်းကြတယ်။ဘာလို့လဲဆိုတော့သေးသေးမွှားမွှားဘေးမှာထားကြလို့ပေါ့။ ဒါကြောင့်သူတို့ကိုနေရာချပေးရအောင်ဗျာ။ Articles ၃ ခုအနက်က "the" article ကိုအရင်နေရာချမယ်ဗျာ။ "The" article ကိုတော့ definite article(တိကျ အာတီကယ်)လိုခေါ်တယ်။သူ့ကိုဒီနေရာတွေမှာထားမယ်- I.ဝါကျတွေမှာဒုတိယအကြိမ်ပြန်သုံးတဲ့ nounတွေရဲ့ရှေ့မှာသုံးမယ်။ Eg: He has a dog.(The) dog is very clever. သူ့မှာရှိတဲ့ခွေး နာမ်ရဲ့ရှေ့။အဲဒီ Theကြောင့့်သာလျှင်သူ့မှာရှိတဲ့ခွေးကလိမ္မာတာလို့ပြောနိုင်တာပါ။ဒုဝါကျမှာ The မသုံးပဲ A သာထည့်မိရင်အဓိပ္ပာယ်ဟာလွန်စွာကွဲလွဲနေပြီး ဝါကျနှစ်ခုက စပ်ဟပ်မှု့မရှိတော့တာသတိချပ်ရမှ...
Comments
Post a Comment