တလုံးထိုးအင်ဂျင်များစက်သံမညိမ်ရသည့်ဖြစ်နိုင်ချေများ



    တလုံးထိုအင်ဂျင်များတွင်တခါ
တရံစက်ရဲ့တက်ကျဖြစ်ပေါ်မှူ့ကြောင့် စက်မောင်းရာ ရာတွင်စိတ်
ကသိကအောက်ဖြစ်ရသည်။
   ဆီပို့နော်ဇယ်နှင့်ပတ်သတ်မှူ့
ရှိသော်လည်းအခြားအကြောင်းရင်များလည်းရှိနေပေသေးသည် ကိုသတိပြုသင့်ပေသည်။
      ဖြစ်နိုင်ချေများအနေဖြင့်.....

 1.     S 195 /12-13 များတွင်
ကြီးစည်ဝိတ် ခေါ် အခြား S 1100
S 1110  S1115 နှင့်အခြားစက်များတွင် ကောင်တာဝိတ် များနှင့်လည်းသက်ဆိုင်ပေသည်။၎င်းဝိတ်တုံးများ၏ဘော များ  ဘွတ်များ အလွန်ချောင်လွန်းခြင်း ပျက်စီးခြင်းများတွေ့ရသည့်အခါ စက်သံမညိမ်သက်မှူ့များဖြစ်ပေါ်တတ်ပါသည်။

2.   ဂါပနာ ခေါ် လီဘာချိန်ပင်နီယံတွင်တတ်ဆင်ထားသည့်ဘောများ ဘွတ်များအလွန်အမင်းချောင်လွန်းခြင်းနှင့်ပျက်စီးခြင်းများတွေ့ရသည့်အခါများတွင်လည်း စက်သံမညိမ် သက်မှူ့များဖြစ်ပေါ်တတ်ပါသည်။

3.   အထက်ပါ ဂါပနာပင်နီယံတတ်ဆင်သည့် အူတိုင်ခေါ် အူတိုင်ရှပ်သည် ဘလောက်အိုးအစားခံရမှူ့ကြောင့် ဘလောက်အိုးနှင့်အူတိုင်ချောင်နေသည့်အနေအထား တွေ့ရသည့်အခါများတွင်လည်း စက်သံမညိမ်သက်မှူ့ကိုတွေ့ရတတ်ပါသည်။

   အကျင်းချုပ်အားဖြင့် စက်သံမညိမ်သက်မှူ့သည် ဆီပို့လွတ်မှူ့ကိုတွကထည့်တွက်ရသကဲ့သို့ လည်ပတ်မှူ့ကိုဟန့်တားစေသည့် အထူးသဖြင့် ဝိတ်မညီမျှမှူ့ကိုထည့်တွက်စဉ်းစားရပေမည်။ ဆီပို့လွတ်မှူ့အနေဖြင့်တော့ လီဘာကို free ထားပြီး နော်ဇယ်ပင် ကိုချိန်နိုင်ပေသည်။ ထိုထက်မရရှိပါက အထက်ပါအကြောင်းများကိုစဉ်းစာရပေတော့မည်။

Comments

Popular posts from this blog

Article. အကြောင်းတစေ့တစောင်း

ပါဠိစာ​ပေ ဖတ်​နည်း