ပါဠိစာ​ပေ ဖတ်​နည်း


   

  ပါဠိဘာသာဟာ ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက် မစိမ်းသင့်တဲ့ ဘာသာတရပ် ဖြစ်ပေမဲ့ အခုခေတ်ချိန်ခါမှာပါဠိက မှန်ကန်အောင်ဖတ်နိုင်သူ ကလူပုဂ္ဂိုလ်မှာတော်တော်ရှားလာနေပါပြီ။ ကျနော်အပါဝင်ပါဘဲ ဝန်ခံပါတယ်။ ဒါကြောင့်ပါဠိဖတ်နည်းမူသေစည်းလေး ကို ရှာပြီးတင်ပေးလိုက်ပါတယ် လိုအပ်ကြရင် Share ထားပေါ့ လိုတဲ့ခါလွယ်ကူစေတာပေါ့။

ပါဠိဖတ်နည်း မူသေစည်း

၁ နှစ်လုံးဆင့်တွင် အထက်လျှင်သတ်ပင်မြဲဧကန်၊
၂ အိ၊အု နှစ်ဝ က.စ.ပ ဖတ်ကြ တ သတ်သံ၊
၃ အိ၊အုနှစ်ဝ င.ဉ.ယ ဖတ်ကြ န သတ်သံ၊
၄ အေသံနောက်က က.တ.ပ ဖတ်ကြ စ သတ်သံ၊
၅ အေသံနောက်က ဉ.န.မ ဖတ်ကြ င သတ်သံ၊
၆ အော သံနောက်က စ.တ ပ ၊ဝဆွဲ တ သတ်သံ၊
၇အော သံနောက်က ဉ.န.မ ၊ဝဆွဲ န သတ်သံ၊
၈ အုပ်စုမဲ့ထပ် ထိုအသတ် ဖတ်ကြ နှစ်ကြိမ်သံ၊
၉ သ သတ်ကို တ ၊လသတ် န ဖတ်မှအသံမှန်၊
၁၀ ပါဠိဖတ်နည်း မူသေစည်း အပြီးမှတ်ကြရန်။

ရှင်းလင်ချက်

၁ /သမန္တာ=သမန်တာ

၂ / နိက္ခမနံ=နိတ်ခမနံ(နိ-သည် အိအသံ)

ဝိစ္ဆိက ဝိတ်ဆိက  (ဝိသည်အိအသံ)

ကုက္ကုရ ကုတ်ကုရ  (ကုသည်အုအသံ)

၃ / အဘိညာယ အဘိန်ညာယ (ဘိသည်အိအသံ)

သုညာဂာရ သုန်ညာဂါရ (သုသည် အုအသံ)

၄ / ပေက္ခာ ပစ်ခါ (ပေသည်အေအသံ)

၅ / ပူရေန္တံ ပူရင်တံ (ရေ သည်အေ အသံ)

၆ / ဗောဇ္ဈ ဗွတ်ဈင် (ဗော သည် အောအသံ)

၇ / ဟောန္တု ဟွန်တု (ဟောသည် အောအသံ)

၈ / အုပ်စုမဲ့ဗျည်းဖြစ်ကြသော ယ ရ ဝ ဟ ၄-လုံးအဆင့်တို့ကိုဖတ်သောအခါအသတ်အတွက်တကြိမ် အဆင့်အတွက်တကြိမ် နှစ်ကြိမ်အသံထွက်ရသည်။

သကျ  သက်ကျ

တတြ တတ်တြ တတ်တရ

ဒိတွာ ဒိတ်တဝါ

၉ / ဒဿနံ ဒတ်သနံ (ဿသည်သနှစ်လုံးဆင့်ဖြစ်သည်)

ဓမ္မဿဝနံ ဓမ်မတ်သဝနံ

ပလ္လင်္ကေ  ပန်လင်ကေ


              #ကိုးကားချက်#

ပရိတ်ကြီး၁၁သုတ်အသံထွက်ရွတ်ဖတ်နည်း

[  ဦးမောင်မောင်(ဟံသာဝတီ)  ]

Comments

Popular posts from this blog

တလုံးထိုးအင်ဂျင်များစက်သံမညိမ်ရသည့်ဖြစ်နိုင်ချေများ

Article. အကြောင်းတစေ့တစောင်း