Article. အကြောင်းတစေ့တစောင်း


  articleဆိုတာအရာဝတ္ထု၊ပစ္စည်း။
articles လို့s​လေးထည့်​တော့-​ဆောင်းပါးများလို့အဓိပ္ပာယ်​ရတယ်​ပေါ့ ။ကျ​နော်​ပြောချင်​တာ အဲဒါမဟုတ်​ပါဘူး။

တိကျမှု့ မကျမှု့ကို​ဖော်​ပြတဲ့​နေရာမှာသုံးတဲ့ articles​တွေပါ။

   Articles​တွေသုံးမျိုးရှိတာ​တော့ 99.99%​လောက်​သိပြီးသားဖြစ်​နေတာပါ။ a, an ,the​တွေပါ။ ဒါ​ပေမဲ့အဲဒီ articles​တွေ​နေသားတကျသုံးနိုင်​ဖို့ကျ​တော့​တော်​တော်​လေးကိုအားနည်းကြတယ်​။ဘာလို့လဲဆို​တော့​သေး​သေးမွှားမွှား​ဘေးမှာထားကြလို့​ပေါ့။
​ဒါ​ကြောင့်​သူတို့ကို​နေရာချ​ပေးရ​အောင်​ဗျာ။

   Articles ၃ ခုအနက်​က "the" article ကိုအရင်​နေရာချမယ်​ဗျာ။

    "The" article ကို​တော့ definite article(တိကျ အာတီကယ်​)လို​ခေါ်တယ်​။သူ့ကိုဒီ​နေရာ​တွေမှာထားမယ်​-

I.ဝါကျ​တွေမှာဒုတိယအကြိမ်​ပြန်​သုံးတဲ့ noun​တွေရဲ့​ရှေ့မှာသုံးမယ်​။

Eg:

He has a dog.(The) dog is very clever.

သူ့မှာရှိတဲ့​ခွေး နာမ်​ရဲ့​ရှေ့။အဲဒီ The​ကြောင့့်​သာလျှင်​သူ့မှာရှိတဲ့​ခွေးကလိမ္မာတာလို့​ပြောနိုင်​တာပါ။ဒုဝါကျမှာ The မသုံးပဲ A သာထည့်​မိရင်​အဓိပ္ပာယ်​ဟာလွန်​စွာကွဲလွဲ​နေပြီး ဝါကျနှစ်​ခုက စပ်​ဟပ်​မှု့မရှိ​တော့တာသတိချပ်​ရမှာဖြစ်​တယ်​။ ဒါ​ကြောင့်​definite article လို့​ခေါ်ခြင်းပါ။

II.​ပြောသူနဲ့နား​ထောင်​သူနှစ်​ဦးလုံးသိပြီးသားအ​ကြောင်းကိုညွန်းဆိုလိုရင်​လဲ "the" article ကိုသုံးပါတယ်​။

Eg:

Don't sit on the floor.

ဒီဝါကျမှာ​ပြောသူ​ရောနား​ထောင်​သူပါ သိထားတဲ့ကြမ်းပြင်​ဖြစ်​လို့ floor​ရှေ့မှာ "the" article ထည့့်​ပါတယ်​။အသံထွက်​ဆို​ကောင်းအောင်​ထည့်​တာမဟုတ်​ဘူး​နော်​။

​ပြောချင်​တာက သူ​ရောကိုယ်​ပါသိတဲ့အ​ကြောင်းရာဆိုရင်​the ထည့်​မယ်​။

III.ကမ္ဘာ​လောကမှာ တခုထည်းသာရှိတဲ့ Noun​တွေရဲ့​ရှေ့မှာလဲ article "the" ကိုထည့်​ပါ့မယ်​။

Eg:

(The) sun shines in (the) sky.

IV.ထင်​ရှားလှတဲ့ သဘာဝအရာကြီး​တွေ၊​နေရာ၊ ဌာန၊ အ​ဆောက်​အအုံကြီး​တွေ​ရှေ့မှာလည်းarticle "the"ကိုသုံးပါတယ်​။

1.(The) Pegu Yoma.
2.(The) Inya Lake Hotel.
3.(The) Working People's Daily newspaper.

V.Superlative degree Adjective ရဲ့​ရှေ့မှာလဲ"the" ကိုသုံးရပါတယ်​။

Article a,an

   a နဲ့ an articles​တွေကို​တော့ indefinite article လို့​ခေါ်ပါတယ်​။မတိကျတဲ့အာတီကယ်​ပေါ့။

သူတို့ကိုသုံးဖို့~

1.​ဖော်​ပြလိုတဲ့ noun​ရှေ့မှာ​ရေးမယ်​၊
2.အဲ noun ဟာ singular number ဖြစ်​နေရမယ်​၊
3.Countable noun ဖြစ်​ရမယ်​၊
4.တခါမှမမြင်​ဘူးတဲ့ noun ဖြစ်​နေမယ်​(ဝါကျအဓိပ္ပာယ်​အရ)

     ဒီအချက်​တွေ ကိုက်​နေရပါ့မယ်​။

["an" article ကို​တော့ a, e, i, o, u သရ နဲ့စတဲ့ noun​ရှေ့​တွေမှာထည့်​ပေးရပါမယ်​။ ထူးပြစရာ မလိုဘူးထင်​ပါတယ်​။]

Eg: 

1.I saw (a) dog.

ဒီဝါကျမှာ ကျွန်​တော်​မြင်​ခဲ့တဲ့​ခွေးက အရင်​တခါမှမမြင်​ဘူး​သေးဘူး ၊​ခွေဟာတ​ကောင်​တည်း၊​ရေတွက်​လို့ရတဲ့ နာမ်​လို့ "a" article​အရသိ နိုင်​တာဖြစ်​တယ်​။

``ထပ်​ဆောင်းသိရမယ့်​Article အ​ကြောင်း´´

​ရှေ့ Noun​ရှေ့မှာ article အသုံးပြုပုံများ

I.ကိုယ်​ပြောချင်​နဲ့အ​ကြောင်းအရာဟာတခုတည်းဖြစ်​ပြီးအဲဒီအ​ကြောင်​အရာဟာ and နဲ့ဆက်​ထားမယ်​ဆိုရင်​ရှေ့ Noun ရဲ့​ရှေ့မှာသာ article ထည့်​ပေးရမယ်​။

Eg:

1.U Sa was (a) great solider and poet.

အထက်​ဝါကျမှာပြသာနာမရှိနိူင်​ပေမဲ့​အောက်​ကဝါကျမှာ​တော့နဲနဲပြဿနာ​တွေ့နိုင်​တယ်​။

2.(The) Secretary and Treature is absent.

"အတွင်​ရေးမှူးလည်​ဖြစ်​ငွေထိန်းလည်​ဖြစ်​သူ မလာ​ရောက်​ပါ။" ဆိုတဲ့ဝါကျမှာအတွင်​ရေးမှူးနဲ့​ငွေထိန်းက တ​ယောက်​တည်းပါ။ တစ်​ယောက်​ထည်းလို့ ဘာ​ကြောင့်​ပြောနိုင်​လဲဆိုရင်​article "the"​ကြောင့်​ပါ။ ဒါ​ကြောင့့်​အာတီကယ်​တွေကို​နေရာမှန်​မှန်​သုံးတတ်​ဖို့လိုတယ်​။

II.​ပြောလိုတဲ့အ​ကြောင်းရာဟာတခုတည်းဖြစ်​ပြီးနှိုင်းယှဉ်​ဖော်​ပြချက်​တွေမှာလဲ​ရှေ့ Noun ရဲ့​ရှေ့မှာ article ထည့်​ပေးရမယ်​။

2.He is (a) better mechanic than clerk.

​ဖော်​ပြပါဝါကျမှာ လူပုဂ္ဂိုလ်​ကတဦးတည်းဖြစ်​ပြီး၊စာ​ရေးနဲ့စက်​ပြင်​ကိုနှိုင်းယှဉ်​ဖော်​ပြထားတာဖြစ်​တယ်​။

III.ကိုယ်​ပြောလိုတဲ့အ​ကြောင်းရာဟာ နှစ်​ခုဖြစ်​နေပြီး အဲဒီနှစ်​ခုကို and နဲ့ဆက်​ထားရင်​နှစ်​ခုလုံးရဲ့​ရှေ့မှာ article ထည့်​ပေးရပါတယ်​။

Eg:

1.(The) Secretary and (the) Treature are absent.
"အတွင်း​ရေးမှူး​ရော​ငွေထိန်းပါ​ရောက်​မလာပါ"
ဝါကျကိုနဲနဲရှင်းချင်​သေးတယ်​။အထက်​ကဆင်​တူတဲ့ဥပမာ ကိုပြန်​လေ့လာကြည့်​ပါအုံး၊​ရှေ့နာမ်​ရှေ့မှာထည့်​ထားတာ အဲဒါလိုဆိုရင်​လူပုဂ္ဂိုလ်​ကတဦးလို့သိနိုင်​သလို၊နှစ်​ခုလုံးမှာထည့်​ထာပြီဆိုရင်​လူပုဂ္ဂိုလ်​ဟာတဦးမဟုတ်​ဘူးဆိုတာ သိနိုင်​တာ "the" အာတီကယ်​ပါ။ဒါ​ကြောင့်​articles​တွေရဲ့အ​ရေးပါမှု့ဟာအလွန်​အ​ရေးကြီးပါတယ်​။

IV.မတူညီတဲ့လူပုဂ္ဂိုလ်​၊အ​ကြောင်းရာ​တွေနှိုင်းယှဉ်​ဖော်​ပြတဲ့ခါမှာလဲ Noun နှစ်​ခုလုံးရဲ့​ရှေ့မှာ article ထည့်​ပေးရတယ်​။

Eg:

1.He is (a) better mechanic than (a) clerk.

ဝါကျကိုရှင်းပါအုံးမယ်​။
အထက်​မှာဆင်​တူ ဥပမာတခုနဲ့​သေချာပြန်​ကြည့်​ပေးပါ။ အဓိပ္ပာယ်​သိပ်​မကွာခြားတာ​တွေ့ပါတယ်​။ ဘာ​ကြောင့်​လဲဆို​တော့လူပုဂ္ဂိုလ်​ကတ​ယောက်​တည်းဖြစ်​နေသလို အဓိပ္ပာယ်​လဲ​ပြောင်းလဲမှု့မရှိသ​လောက်​မို့ဖြစ်​တယ်​။

ဒါ​ကြောင့်​အကျဉ်းချုပ်​(အလွယ်)​မှတ်​မယ် ဆိုရင်​~

1.and ဆက်​ပြီး "the" article ဆိုရင်​လူပုဂ္ဂိုလ်​မတူ
2.than ဆက်​ပြီး "a,an" article ဆိုရင်​လူပုဂ္ဂိုလ်​တစ်​ဦးတည်း

   Zero article လို့​ခေါ်တဲ့ article မပါဘဲ သုံးတဲ့​နေရာလဲရှိ​သေးတယ်​။

1.Common Noun​တွေကိုအဓိပ္ပာယ်​ကျယ်​ကျယ်​ပြန့်​ပြန့်​နဲ့​လေး​လေးနက်​နက်​သုံးတဲ့​နေရာမှာလဲ article ကိုမြုတ်​ဖယ်​ရေးရတယ်​။

Eg:

1.(-) People love freedom.
2.What kind of (-) flower is it?

2.ဒြပ်​ပစ္စည်းMaterial Noun နဲ့ စိတ္တဇနာမ်​Abstract Noun​တွေ​ရှေ့မှာလဲ article ထည့်​ဖို့မလိုဘူး

Eg:

1.(-) Gold is precious metal.
2.(-)Honesty is the best policy.

3. အမည်​နာမ​Proper Noun​တွေရဲ့​ရှေ့မှာလဲ article မထည့်​ရဘူး။သူ့​တော့ ဥပမာ မပြ​တောပါ့ဘူးနော်။

         ဒါလောက်ဆိုအတော်အ
သင့့််နားလည်လောက်ပြီထင်ပါတယ်။

Comments

Popular posts from this blog

တလုံးထိုးအင်ဂျင်များစက်သံမညိမ်ရသည့်ဖြစ်နိုင်ချေများ

ပါဠိစာ​ပေ ဖတ်​နည်း