Posts

Showing posts from August, 2017

ပါဠိစာ​ပေ ဖတ်​နည်း

      ပါဠိဘာသာဟာ ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက် မစိမ်းသင့်တဲ့ ဘာသာတရပ် ဖြစ်ပေမဲ့ အခုခေတ်ချိန်ခါမှာပါဠိက မှန်ကန်အောင်ဖတ်နိုင်သူ ကလူပုဂ္ဂိုလ်မှာတော်တော်ရှားလာနေပါပြီ။ ကျနော်အပါဝင်ပါဘဲ ဝန်ခံပါတယ်။ ဒါကြောင့်ပါဠိဖတ်နည်းမူသေစည်းလေး ကို ရှာပြီးတင်ပေးလိုက်ပါတယ် လိုအပ်ကြရင် Share ထားပေါ့ လိုတဲ့ခါလွယ်ကူစေတာပေါ့။ ပါဠိဖတ်နည်း မူသေစည်း ၁ နှစ်လုံးဆင့်တွင် အထက်လျှင်သတ်ပင်မြဲဧကန်၊ ၂ အိ၊အု နှစ်ဝ က.စ.ပ ဖတ်ကြ တ သတ်သံ၊ ၃ အိ၊အုနှစ်ဝ င.ဉ.ယ ဖတ်ကြ န သတ်သံ၊ ၄ အေသံနောက်က က.တ.ပ ဖတ်ကြ စ သတ်သံ၊ ၅ အေသံနောက်က ဉ.န.မ ဖတ်ကြ င သတ်သံ၊ ၆ အော သံနောက်က စ.တ ပ ၊ဝဆွဲ တ သတ်သံ၊ ၇အော သံနောက်က ဉ.န.မ ၊ဝဆွဲ န သတ်သံ၊ ၈ အုပ်စုမဲ့ထပ် ထိုအသတ် ဖတ်ကြ နှစ်ကြိမ်သံ၊ ၉ သ သတ်ကို တ ၊လသတ် န ဖတ်မှအသံမှန်၊ ၁၀ ပါဠိဖတ်နည်း မူသေစည်း အပြီးမှတ်ကြရန်။ ရှင်းလင်ချက် ၁ /သမန္တာ=သမန်တာ ၂ / နိက္ခမနံ=နိတ်ခမနံ(နိ-သည် အိအသံ) ဝိစ္ဆိက ဝိတ်ဆိက  (ဝိသည်အိအသံ) ကုက္ကုရ ကုတ်ကုရ  (ကုသည်အုအသံ) ၃ / အဘိညာယ အဘိန်ညာယ (ဘိသည်အိအသံ) သုညာဂာရ သုန်ညာဂါရ (သုသည် အုအသံ) ၄ / ပေက္ခာ ပစ်ခါ (ပေသည်အေအသံ) ၅ / ပူရေန္တံ ပူရင်တံ (ရေ သည်...