တလုံးထိုးအင်ဂျင်များစက်သံမညိမ်ရသည့်ဖြစ်နိုင်ချေများ
တလုံးထိုအင်ဂျင်များတွင်တခါ တရံစက်ရဲ့တက်ကျဖြစ်ပေါ်မှူ့ကြောင့် စက်မောင်းရာ ရာတွင်စိတ် ကသိကအောက်ဖြစ်ရသည်။ ဆီပို့နော်ဇယ်နှင့်ပတ်သတ်မှူ့ ရှိသော်လည်းအခြားအကြောင်းရင်များလည်းရှိနေပေသေးသည် ကိုသတိပြုသင့်ပေသည်။ ဖြစ်နိုင်ချေများအနေဖြင့်..... 1. S 195 /12-13 များတွင် ကြီးစည်ဝိတ် ခေါ် အခြား S 1100 S 1110 S1115 နှင့်အခြားစက်များတွင် ကောင်တာဝိတ် များနှင့်လည်းသက်ဆိုင်ပေသည်။၎င်းဝိတ်တုံးများ၏ဘော များ ဘွတ်များ အလွန်ချောင်လွန်းခြင်း ပျက်စီးခြင်းများတွေ့ရသည့်အခါ စက်သံမညိမ်သက်မှူ့များဖြစ်ပေါ်တတ်ပါသည်။ 2. ဂါပနာ ခေါ် လီဘာချိန်ပင်နီယံတွင်တတ်ဆင်ထားသည့်ဘောများ ဘွတ်များအလွန်အမင်းချောင်လွန်းခြင်းနှင့်ပျက်စီးခြင်းများတွေ့ရသည့်အခါများတွင်လည်း စက်သံမညိမ် သက်မှူ့များဖြစ်ပေါ်တတ်ပါသည်။ 3. အထက်ပါ ဂါပနာပင်နီယံတတ်ဆင်သည့် အူတိုင်ခေါ် အူတိုင်ရှပ်သည် ဘလောက်အိုးအစားခံရမှူ့ကြောင့် ဘလောက်အိုးနှင့်အူတိုင်ချောင်နေသည့်အနေအထား တွေ့ရသည့်အခါများတွင်လည်း စက်သံမညိမ်သက်မှူ့ကိုတွေ့ရတတ်ပါသည်။ အကျင်းချုပ်အားဖြင့် စက်သံမ...